ဗင်နီဇွဲလားနိုင်ငံ ယာရာကွေး (Yaracuy) ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် ညနေပိုင်းက ပြင်းအား မဂ္ဂနီကျု ၇.၂ နှင့် ၇.apps၅ ရှိသော ငလျင်နှစ်ခု စက္ကန့် ၄၀ ခန့်ခြား၍ ဆက်တိုက်လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃,၅၃၅ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ရိုဒရီဂွက်ဇ် က ထုတ်ပြန်သည်။ အစိုးရ၏ အချက်အလက်များအရ ဒဏ်ရာရရှိသူ ၁၆,၇၄၀ ဦး၊ နေအိမ်ဆုံးရှုံးရသူ ၁၇,၈၅၄ ဦး ရှိလာပြီး အဆောက်အအုံ စုစုပေါင်း ၁၉၀ လုံး အပြည့်အဝ ပြိုကျကာ ၈၅"၆ လုံး ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။ လက်ရှိတွင် ဆေးရုံမှ ဆင်းခွင့်ရသည့်လူနာ ၂၅,၀၁၆ ဦး ရှိပြီဖြစ်ကာ ငလျင်ဒဏ်သင့်မိသားစုပေါင်း ၈၆,၇၉"၄ စုထံသို့ ကူညီပံ့ပိုးမှုများနှင့် စားနပ်ရိက္ခာ မက်ထရစ်တန် ၉,၆၀၃ တန်ကျော် ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ကြောင့် သေဆုံးသူ ၃,၅၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၆,၀၀၀ ကျော်ရှိလာ
Jul 07 • 8:06 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


