မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက် (ယနေ့) နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆရာစံရပ်ကွက်၊ ကင်းတဲလမ်းအနီး၌ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် အနီးဝန်းကျင်ရှိ အမျိုးသမီး ၃ ဦးတွင် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ လမ်းပိတ်ဆို့မှုမရှိစေရန် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်
မွန်ပြည်နယ်၊ဘီးလင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုဖြစ်ပွား၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
Jul 07 • 7:52 AM
Myanmar
Mon
Share
| 10 | 0 | 0 | 0 |


