back

၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် သမိုင်းဝင်နေရာများ၌ ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်သို့ ရောက်ရှိ

Jul 07 • 7:51 AM

breaking-news

Myanmar

Yangon

cover

၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် သမိုင်းဝင်နေရာများ၌ ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်သို့ ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမ္မာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အတွင...

လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမ္မာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) နှင့် ရန်ကုန်မြို့တော်ခန်းမတို့တွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ ပြင်ဆင်ဆောင်ရွက်နေမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၆ ရက် မွန်းလွဲပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

news-view-count-icon

26