ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အီမရိတ်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော မီနီဘတ်စ်ကား ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည့် အလုပ်သမား ၇ ဦး (အိန္ဒိယနိုင်ငံသား ၆ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁ ဦး) နှင့် ဒဏ်ရာရရှိခဲ့သူ ၉ ဦးတို့၏ မိသားစုများထံသို့ ယူအေအီးအခြေစိုက် Burjeel Holdings ၏ ဥက္ကဋ္ဌဖြစ်သူ အိန္ဒိယနွယ်ဖွား ဘီလျံနာသူဌေးကြီး ဒေါက်တာ ရှမ်ရှီးရ် ဗာယာလီလ် (Dr Shamsheer Vayalil) က ကတိပြုထားသည့် ဒရမ် ၁ သန်း (အမေရိကန်ဒေါ်လာ ၂၇၂,၀၀၀ ကျော်) တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ တရားဝင်ရောက်ရှိသွားပြီဖြစ်သည်။ ၎င်း၏ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ တီလန်ဂါနာ၊ အူတာပရာဒေ့ရှ် ပြည်နယ်ရှိ ကျေးလက်ဒေသများနှင့် သီရိလင်္ကာနိုင်ငံ မူလစ်တီဗူး (Mullaitivu) ဒေသများရှိ ပူဆွေးသောကရောက်နေကြသော မိသားစုများထံ အရောက်သွားကာ သေဆုံးသူတစ်ဦးစီ၏ မိသားစုအတွက် ဒရမ် ၁၀၀,၀၀0 စီ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင်၊ ကျန်ရစ်သူ သားသမီးများ၏ ပညာရေးနှင့် ဒဏ်ရာရရှိသူများ၏ ဆေးကုသမှုစရိတ်များကိုပါ ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ယူအေအီး၌ ယာဉ်မတော်တဆမှုကြီးတွင် သေဆုံး၊ ဒဏ်ရာရခဲ့သည့် အိန္ဒိယနှင့် သီရိလင်္ကာ အလုပ်သမား မိသားစုများထံ ဘီလျံနာသူဌေးကြီး၏ အကူအညီများ ရောက်ရှိ
Jul 07 • 7:32 AM
UAE
Local News
Share
| 9 | 0 | 0 | 0 |


