back

စပိန်အသင်းက ပေါ်တူဂီအသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီးနောက် ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကမ္ဘာ့ဖလားပြိုင်ပွဲကို တရားဝင်နှုတ်ဆက်

Jul 07 • 2:30 AM

breaking-news

Myanmar

International

cover

စပိန်အသင်းက ပေါ်တူဂီအသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီးနောက် ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကမ္ဘာ့ဖလားပြိုင်ပွဲကို တရားဝင်နှုတ်ဆက်

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ်အားကစားကွင်း၌ ဒေသစံတော်ချိန် ဇူလိုင်လ ၆ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ...

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ်အားကစားကွင်း၌ ဒေသစံတော်ချိန် ဇူလိုင်လ ၆ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် စပိန်အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး - ၀ ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားကြောင်း သိရသည်။ မိနစ် ၉၀ အထိ နှစ်ဖက်စလုံး ဂိုးမရှိသရေဖြစ်နေခဲ့သော်လည်း နာကျင်အချိန်ပို ၁ မိနစ်တွင် လူစားဝင်ကစားသမား မီကဲလ်မီရီနိုက စပိန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ရမှုကြောင့် ပေါ်တူဂီအသင်းခေါင်းဆောင် အသက် ၄၁ နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်ဒိုအတွက် ၎င်း၏ ၆ ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလားခရီးစဉ်မှာ ပြီးဆုံးသွားခဲ့ပြီး ပြိုင်ပွဲကို ဝမ်းနည်းစွာဖြင့် နှုတ်ဆက်သွားခဲ့ရသည်။ အဆိုပါပွဲတွင် အနိုင်ရရှိခဲ့သည့် စပိန်အသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် အမေရိကန် သို့မဟုတ် ဘယ်လ်ဂျီယံအသင်းနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

25