back

ယခု ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၎င်း၏ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ကြောင်း ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို အတည်ပြု

Jul 07 • 2:06 AM

breaking-news

Myanmar

International

cover

ယခု ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၎င်း၏ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ကြောင်း ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို အတည်ပြု

အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက လက်ရှိယှဉ်ပြိုင်နေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၎င်း၏ ကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ...

အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက လက်ရှိယှဉ်ပြိုင်နေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၎င်း၏ ကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းများအရ အတည်ပြုပြောကြားခဲ့သည်။ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နှင့် ၂၀၂၂ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် ရော်နယ်ဒိုအတွက် ယခုနှစ်ပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး အုပ်စုအဆင့်တွင် ဥဇဘက်ကစ္စတန်အသင်းအား ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးသော ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။ ၎င်းအား လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ စပိန်နှင့် မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့်အပေါ် ရည်မှန်းချက်ရှိ၊ မရှိ မေးမြန်းရာတွင် ယခုပြိုင်ပွဲသည် မိမိ၏နောက်ဆုံးဖြစ်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ပေါ်တူဂီအသင်းသည် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် စပိန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ အဆိုပါပွဲစဉ်သည် မိမိ၏ နောက်ဆုံးကမ္ဘာ့ဖလားပွဲ မဖြစ်စေရန် မျှော်လင့်ကြောင်းလည်း ဖွင့်ဟခဲ့သည်။ ထို့ပြင် ရော်နယ်ဒိုက စပိန်အသင်း၏ ကြယ်ပွင့်ကစားသမား ယာမယ်အား အနာဂတ်ကောင်းများ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့ပြီး၊ ရှည်လျားသည့် ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဝေဖန်မှုများကို ဂရုမစိုက်ဘဲ အကောင်းဆုံး ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်းလည်း အကြံပြုစကား ပြောကြားသွားခဲ့သည်။

news-view-count-icon

19