ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို နယ်မြေအခြေအနေကြောင့် နှစ်နှင့်ချီ၍ ပိတ်ထားခဲ့ရပြီးေနာက် ယခုအခါ ကို နယ်မြေပြန်လည်တည်ငြိမ်လာပြီဖြစ်သဖြင့် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဘဏ်ခွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက နယ်မြေလုံခြုံရေးအခြေအနေကြောင့် လုပ်ငန်းများ ရပ်နားပိတ်ထားခဲ့ရာမှ ယခုအခါ ၂ နှစ်နီးပါးအကြာတွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ဘဏ်ခွဲပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ပြီး မြို့မိမြို့ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖလမ်းမြို့ ယခုနောက်ပိုင်း ပုံမှန်ပြန်လည်လည်ပတ်လာခဲ့ရာမှ ယခုအခါ ဒေသခံပြည်သူများအတွက် အလွန်အရေးပါသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲကိုပါ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Jul 07 • 1:45 AM
Myanmar
Chin
Share
| 14 | 0 | 0 | 0 |


