တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ပြည်နယ်၊ နန်နင်းမြို့ရှိ အလတ်စား ရေလှောင်တမံတစ်ခု တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့တွင် ကျိုးပေါက်သွားခဲ့ကြောင်း သိရသည်။ ရေလှောင်တမံကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာသဖြင့် ဒေသခံပြည်သူ ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး အာဏာပိုင်များက ရေကြီးမှုကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုအဆင့်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့် သတ်မှတ်ထားရသည်။ လက်ရှိတွင် အခြားသော ရေလှောင်ကန်များပါ ထပ်မံကျိုးပေါက်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး နန်နင်းမြို့နှင့် မိုင် ၁၇၀ ခန့်အကွာရှိ ကွေ့ကန်း (Guigang) မြို့၌လည်း လမ်းမများ ရေကြီးနစ်မြုပ်ကာ မော်တော်ယာဉ်များ ရေထဲမျောပါနေသည့် ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်။အဆိုပါ မုန်တိုင်းမေဆက်၏ ရိုက်ခတ်မှုဒဏ်ကို တရုတ်နိုင်ငံအပြင် ဗီယက်နမ်နှင့် မွန်ဂိုလီးယားနိုင်ငံတို့ပါ ခံစားနေရကြောင်း သိရသည်။ 


တရုတ်နိုင်ငံ၊ကွမ်ရှီးပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း မေဆက်ကြောင့် ရေလှောင်တမံ ကျိုးပေါက်မှုဖြစ်ပွားကာ လူ၃၀၀ကျော် ရေဘေးသင့်
Jul 07 • 1:41 AM
China
Local News
Share
| 18 | 0 | 0 | 0 |


