ပြည်တွင်း၌ အသုံးပြုရန်အတွက် ဒီဇယ်ဆီ၊ သေဘာဝဓာတ်ငွေ့ရည် (LNG) နှင့် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်ပြုခြင်းကို ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တစ်လထပ်မံတိုးမြှင့်ခွင့်ပြုပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ သက်တမ်းတိုးမြှင့်မှုအရ ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံမည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း)၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံမည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) အပြင် သဘာဝဓာတ်ငွေ့ရည် LNG တင်သွင်းမှုအပေါ် ကောက်ခံမည့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကိုပါ ဇူလိုင်လကုန်အထိ အခွန်ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။



