back

မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဂျပန်စေတီတော်နှင့် ငြိမ်းချမ်းရေးကျောက်တိုင်ကို ၁ နှစ်အတွင်း ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

Jul 06 • 1:02 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဂျပန်စေတီတော်နှင့် ငြိမ်းချမ်းရေးကျောက်တိုင်ကို ၁ နှစ်အတွင်း ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်" များကို ရှေးမူမပ...

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်" များကို ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း" (AMJSEDC) က ဦးဆောင်၍ မတည်လှူဒါန်းမှုများဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး လုပ်ငန်းများကို ၁ နှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် ကုသိုလ်ယူ လှူဒါန်းလိုသူများအနေဖြင့်လည်း အသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

news-view-count-icon

47