ဘန်ကောက်မြို့လယ်ရှိ Central Embassy နှင့် Central Chidlom တို့တွင် အကြီးမားဆုံး အစားအစာပွဲတော်ကြီးဖြစ်သည့် "The World in One Bite 2026: EAT WITH SMILE" ကို ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပနေကြောင်း သိရသည်။ ယင်းပွဲတော်ကို Central Retail က ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) အပါအဝင် မိတ်ဖက်များနှင့်ပူးပေါင်းကာ "FLAVOURS YOU CAN FEEL" ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ နာမည်ကြီးစားသောက်ဆိုင်နှင့် ကဖေးပေါင်း ၁၁၀ ကျော်၊ အစားအသောက်ဆိုင်ခန်း (Food Pop-up) ပေါင်း ၁၂၀ ကျော် ပါဝင်ပြသထားသည်။ ပွဲတော်အတွင်း နိုင်ငံတကာအစားအစာများ၊ လမ်းဘေးစာများနှင့် အချိုပွဲများ ရောင်းချပေးမည့် The Smiling Market ဇုန်၊ ဝိုင်နှင့် လက်ဖက်ရည်ပြပွဲများအပြင် Central Chidlom ဘက်တွင်လည်း အမေရိကန်-ပြင်သစ် အစားအသောက်ယဉ်ကျေးမှုပြပွဲနှင့် ဂျပန်ဆာကေးမြည်းစမ်းပွဲ (Sake Playground) တို့ကို ထည့်သွင်းကျင်းပနေပြီး ဝင်ကြေးအခမဲ့ဖြင့် သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။
ဘန်ကောက်မြို့၏ အကြီးမားဆုံး အစားအစာပွဲတော်ကြီး "The World in One Bite 2026" ကို ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပ
Jul 06 • 1:02 PM
Thailand
Local News
Share
| 10 | 0 | 0 | 0 |


