back

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး နေရာအနှံ့အပြား၌ ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွား

Jul 06 • 1:01 PM

breaking-news

Myanmar

International

cover

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး နေရာအနှံ့အပြား၌ ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွား

အိန္ဒိယနိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဇူလိုင်လ ၃ ရက်မှစတင်ကာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ပ...

အိန္ဒိယနိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဇူလိုင်လ ၃ ရက်မှစတင်ကာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ရိုက်တာသတင်းအရ သိရသည်။ ဂူဂျာရတ်ပြည်နယ်၊ ဗာလ်ဆဒ်မြို့တွင် ၂ နာရီအတွင်း မိုးရေချိန် ၆ လက်မအထိ စံချိန်တင်ရွာသွန်းခဲ့သဖြင့် နေအိမ်များနှင့် လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်ကာ အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ရာ့ဂျ်ကော့တ်မြို့တွင်လည်း တံတားတစ်စင်း ပြိုကျပျက်စီးခဲ့သည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေ ၅ ပေမှ ၆ ပေခန့်အထိ မြင့်တက်လာသဖြင့် တာဝန်ရှိသူများက မြစ်အတွင်းသို့ မဆင်းကြရန် သတိပေးတားမြစ်ထားရပြီး၊ အရှေ့မြောက်ပိုင်း ဂူဝါဟာတီမြို့တွင်လည်း ရေကြီးရေဝပ်မှုများကြောင့် ဒေသခံများအကြား အရေပြားရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားလာနေကြောင်း သိရသည်

news-view-count-icon

12