back

ကချင်ပြည်နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် လျှပ်စစ်ဆိုင်ကယ် တရားဝင်သယ်ယူခွင့် လမ်းညွှန်ချက်များ ထုတ်ပြန်

Jul 06 • 1:00 PM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် လျှပ်စစ်ဆိုင်ကယ် တရားဝင်သယ်ယူခွင့် လမ်းညွှန်ချက်များ ထုတ်ပြန်

ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၇/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ...

ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၇/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် စစ်ဆေးရေးဂိတ်များတွင် တရားမဝင် ငွေကြေးကောက်ခံမှုမရှိစေဘဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်နယ်အတွင်း လျှပ်စစ်ဆိုင်ကယ် သယ်ယူသွားလာရာတွင် မြစ်ကြီးနားအဝင်ရှိ နယ်စပ်ကုန်သွယ်ရေးဌာနမှတစ်ဆင့် နိုင်ငံတော်အခွန် သတ်မှတ်ချက်အတိုင်း ပေးဆောင်ပြီး တရားဝင်အထောက်အထားဖြင့် လွတ်လပ်စွာ ဖြတ်သန်းသယ်ယူနိုင်ကြောင်းနှင့် အခွန်ဆောင်ထားသည့် အထောက်အထားပြသပါက စစ်ဆေးရေးဂိတ်များသို့ အပိုကြေးပေးရန်မလိုကြောင်း အသိပေးထားသည်။ သတ်မှတ်ထားသော နိုင်ငံတော်အခွန်ပေးဆောင်ခြင်း မရှိပါက ဥပဒေအရ ထောင်ဒဏ် ၆ လအထိ ချမှတ်အရေးယူခံရနိုင်ပြီး ဂိတ်များမှ စိတ်ကြိုက်ငွေကြေးတောင်းခံမှုများကိုလည်း တားမြစ်ထားကြောင်း သိရသည်။

news-view-count-icon

9