ထိုင်းနိုင်ငံတွင် လူနေမှုစရိတ်နှင့် အိမ်ထောင်စုကြွေးမြီ မြင့်မားလာခြင်း၊ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအား ကျဆင်းလာခြင်းတို့ကြောင့် အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဏ္ဍတို့တွင် အရောင်းရဆုံးနှင့် ထုတ်လုပ်မှုများ သိသိသာသာ လျော့နည်းကျဆင်းလျက်ရှိကြောင်း သိရသည်။ စွမ်းအင်နှင့် ကုန်ကြမ်းစရိတ်များ မြင့်တက်လာမှုအပြင် ဘဏ္ဍာရေးအဖွဲ့အစည်းများက ချေးငွေထုတ်ပေးရန် ပိုမိုတင်းကျပ်လာခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်းရှင်များသည် ငွေသားစီးဆင်းမှုရရှိရန် ဈေးနှုန်းချ၍ အမြန်ရောင်းချနေရပြီး ဘဏ်များတွင်လည်း အကြွေးမဆပ်နိုင်သည့်အန္တရာယ်များ မြင့်တက်နေသည်။ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ခြုံငုံစီးပွားရေးအခြေအနေပေါ် မူတည်၍ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ ပြန်လည်ဦးမော့လာစေရန်အတွက် နောက်ထပ် နှစ်နှစ်ခန့်အထိ အချိန်ယူရနိုင်ကြောင်း သိရသည်။
လူနေမှုစရိတ်နှင့် အိမ်ထောင်စုကြွေးမြီ မြင့်မားမှုကြောင့် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေနှင့် မော်တော်ယာဉ်ရောင်းအားများ ကျဆင်းနေ
Jul 06 • 12:58 PM
Thailand
Local News
Share
| 10 | 0 | 0 | 0 |


