back

မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ၅,၇၀၀ ကျော်ရှိလာ

Jul 06 • 12:56 PM

breaking-news

Myanmar

Naypyidaw

cover

မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ၅,၇၀၀ ကျော်ရှိလာ

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ပေါင်း ၅,၇၉၂ လုံး...

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ပေါင်း ၅,၇၉၂ လုံး ရှိလာပြီဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှစတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်အလိုက် အုပ်စု ၄ စုခွဲ၍ အွန်လိုင်းစနစ်ဖြင့် ကောက်ခံမှတ်ပုံတင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

13