back

ထိုင်းပြည်တွင်းထုတ် ပထမဆုံးခရီးသည်တင်ရထားတွဲကို စမ်းသပ်စစ်ဆေးရန် အစိုးရမီးရထားဌာနသို့ လွှဲပြောင်းပေးအပ်

Jul 06 • 12:54 PM

breaking-news

Thailand

Local News

cover

ထိုင်းပြည်တွင်းထုတ် ပထမဆုံးခရီးသည်တင်ရထားတွဲကို စမ်းသပ်စစ်ဆေးရန် အစိုးရမီးရထားဌာနသို့ လွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံ ဘုရင်မောင်းကွတ်နည်းပညာအင်စတီကျူဒ် (KMITL) က ဦးဆောင်၍ ပြည်တွင်း၌ပင် ပထမဆုံး တည်ဆောက်ထားသော ခရီးသည်တင် နမူနာရထားတွဲတစ်တွဲကို ခရီးသည်ဝန်ဆောင်မှုမပေးမ...

ထိုင်းနိုင်ငံ ဘုရင်မောင်းကွတ်နည်းပညာအင်စတီကျူဒ် (KMITL) က ဦးဆောင်၍ ပြည်တွင်း၌ပင် ပထမဆုံး တည်ဆောက်ထားသော ခရီးသည်တင် နမူနာရထားတွဲတစ်တွဲကို ခရီးသည်ဝန်ဆောင်မှုမပေးမီ ဘေးကင်းလုံခြုံမှုနှင့် စွမ်းဆောင်ရည် ထပ်မံစမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ထိုင်းအစိုးရမီးရထားဌာန (SRT) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၅ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါလွှဲပြောင်းပွဲ အခမ်းအနားသို့ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန ဝန်ကြီး ယော့ချာနန်ဝေါင်ဆာဝပ် တက်ရောက်ခဲ့ပြီး ယခုစီမံကိန်းသည် နိုင်ငံခြားမှ ရထားတွဲတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချပေးနိုင်မည့်အပြင် ပြည်တွင်းစက်မှုလုပ်ငန်းကွင်းဆက်ကို ပိုမိုတောင့်တင်းခိုင်မာလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပြည်တွင်းထုတ် ရထားတွဲကို စမ်းသပ်မှုများ အောင်မြင်ပြီးစီးပါက နောက်ပိုင်းတွင် ကီလိုမီတာ ၂၀၀ နှင့် ၅၀၀ ကြားရှိ ခရီးသွားလုပ်ငန်းလမ်းကြောင်းများ၌ အသုံးပြုပြေးဆွဲသွားမည်ဖြစ်ကြောင်း SRT ဌာနက အသိပေးထားသည်။

news-view-count-icon

9