back

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများ ကျင်းပမည်

Jul 06 • 12:52 PM

breaking-news

Myanmar

Yangon

cover

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများ ကျင်းပမည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ ပွဲတော်များအနေဖြင့် ဇူလိုင် ၂၉ ရက် (ဝါဆိုလပြည့်) တွင် ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဩဂုတ် ၂၈ ရက် (ဝါခေါင်လပြည့်) တွင် မေတ္တာအခါတော်နေ့နှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲ၊ စက်တင်ဘာ ၂၆ ရက် (တော်သလင်းလပြည့်) တွင် ဂရုဓမ္မအခါတော်နေ့အခမ်းအနားတို့ကို ကျင်းပမည်ဖြစ်သည်။ ထို့ပြင် အောက်တိုဘာ ၂၅ ရက် (သီတင်းကျွတ်အဖိတ်နေ့) တွင် မီးထွန်းပွဲတော်နှင့် အောက်တိုဘာ ၂၆ ရက် (သီတင်းကျွတ်လပြည့်) တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်သည်။ ယင်းအပြင် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ဥပုသ်နေ့များ၌ ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ တရားနာကြားပြီး သီလခံယူဆောက်တည်နိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

24