ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အဆောက်အအုံအမှတ် (၁,၆၇၀) ဖြစ်သည့် မဟာဗောဓိဘုရား၌ (၁၃) ရာစုခေတ် နံရံပန်းချီဆေးသားလွှာ အထောက်အထားသစ်များကို အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (Archaeological Survey of India - ASI) မှ ကျွမ်းကျင်ပညာရှင်များက ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သည်။ ASI အဖွဲ့သည် ဘုရားအပေါ်ထပ် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ထုံးသားလွှာအောက်တွင် နံရံပန်းချီ ရှိ၊ မရှိကို နမူနာအကွက်ငယ် ၁၃ ကွက်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ အရှေ့ဘက်နံရံတွင် ထင်ရှားသော နံရံပန်းချီ ၁ ကွက်၊ တောင်ဘက်နှင့် မြောက်ဘက်နံရံများတွင် ဆေးသားမှိန်နေသည့် နံရံပန်းချီ ၁ ကွက်စီဖြင့် စုစုပေါင်း ၃ ကွက်မှ နံရံပန်းချီဆေးသားလွှာများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Jul 06 • 10:37 AM
Myanmar
Mandalay
Share
| 14 | 0 | 0 | 0 |


