back

မုန်တိုင်းငယ်နှင့် မုတ်သုံလေအားအလွန်ကောင်းခြင်းကြောင့် မိုးကြီးနိုင်သဖြင့် သဘာဝဘေးအန္တရာယ်များ သတိပြုရန် မိုးဇလသတိပေး

Jul 06 • 10:37 AM

breaking-news

Myanmar

Local

cover

မုန်တိုင်းငယ်နှင့် မုတ်သုံလေအားအလွန်ကောင်းခြင်းကြောင့် မိုးကြီးနိုင်သဖြင့် သဘာဝဘေးအန္တရာယ်များ သတိပြုရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သ...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်အရှိန်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၆ ရက် (ယနေ့) နံနက် ၈ နာရီတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ် (၇/၂၀၂၆) ဖြင့် သတိပေးထုတ်ပြန်လိုက်သည်။ ဇူလိုင် ၆ ရက်မှ ဇူလိုင် ၁၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း အသိပေးထားသည်။

news-view-count-icon

16