back

ကျောင်းကုန်းမြို့၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လယ်ယာနည်းပညာနှင့် ထုတ်ကုန်ပြပွဲကျင်းပကာ တောင်သူများကို စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ထောက်ပံ့

Jul 06 • 10:31 AM

breaking-news

Myanmar

Ayeyarwady

cover

ကျောင်းကုန်းမြို့၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လယ်ယာနည်းပညာနှင့် ထုတ်ကုန်ပြပွဲကျင်းပကာ တောင်သူများကို စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် လယ်ယာထုတ်ကုန်နှင့် နည်းပညာပြပွဲကိ...

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည့် လယ်ယာထုတ်ကုန်နှင့် နည်းပညာပြပွဲကို ဇူလိုင် ၅ ရက်က ကျင်းပခဲ့သည်။ ပြပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ယခုကဲ့သို့ ပြပွဲများကြောင့် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာနည်းပညာများနှင့် ထုတ်လုပ်မှုစွမ်းအားမြင့် စက်ကိရိယာများကို ပိုမိုသိရှိအသုံးချနိုင်ကာ ဒေသတွင်းလယ်ယာကဏ္ဍကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြပွဲနှင့်အတူ Rice Export Zone စီမံချက်အရ မိုးစပါးစိုက်ပျိုးမည့် ကျောင်းကုန်း၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်တို့မှ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများနှင့် လယ်ယာသွင်းအားစုများကိုလည်း ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

10