back

ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ KG ကျောင်းဆောင်ပြိုကျ

Jul 06 • 10:25 AM

breaking-news

Myanmar

Ayeyarwady

cover

ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ KG ကျောင်းဆောင်ပြိုကျ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင် ဇူလိုင် ၅ ရက် (မနေ့က) မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွား...

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင် ဇူလိုင် ၅ ရက် (မနေ့က) မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် တာပတ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း (အ.မ.က) ဝင်းအတွင်းရှိ ဆောက်လုပ်ဆဲ KG ကျောင်းဆောင်တစ်ဆောင် ပြိုကျပျက်စီးခဲ့ရသဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပျက်စီးသွားသည့် အဆောက်အအုံအစိတ်အပိုင်းများကို ဝိုင်းဝန်းဖယ်ရှား ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

16