back

အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာ့လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြီးစီး၊ မျိုးဆက်သစ်ကစားသမားများ ဝိတ်တန်းအလိုက် ၇ ပွဲ ပါဝင်ယှဉ်ပြိုင်

Jul 06 • 10:22 AM

breaking-news

Myanmar

Local

cover

အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာ့လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြီးစီး၊ မျိုးဆက်သစ်ကစားသမားများ ဝိတ်တန်းအလိုက် ၇ ပွဲ ပါဝင်ယှဉ်ပြိုင်

မြန်မာ့လက်ဝှေ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ...

မြန်မာ့လက်ဝှေ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲကို ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်း (မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်) ၌ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသမီးဝိတ်တန်း ၂ ပွဲ (၅၁ ကီလိုတွင် ပြည့်ပြည့်စုံနှင့် သီရိဇင်၊ ၅၄ ကီလိုတွင် ဟန်နီသိမ့်နှင့် ချစ်သဲဦး) နှင့် အမျိုးသားဝိတ်တန်း ၅ ပွဲ၊ စုစုပေါင်း ၇ ပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားများကိုပါ တစ်ပါတည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

news-view-count-icon

21