တောင်ငူဒေသကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တည်ရှိခဲ့ဖူးသော ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကိုပါ တစ်ပါတည်း ပြန်လည်ဖော်ထုတ် ထိန်းသိမ်းလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်နှင့် ရှေးဟောင်းကျုံးအတွင်း ရေကြည်လင်သန့်ရှင်းကာ ကြာပန်းများဖြင့် လှပတင့်တယ်လာစေရန်အတွက် ကျုံးအတွင်းရှိ သဲသောင်များ၊ အမှိုက်များနှင့် ခြုံနွယ်များကို ရှင်းလင်းနေကြောင်း သိရသည်။ ထို့ပြင် မြို့တွင်းရှိ မူလရေတွင်းများနှင့် ရေမြောင်းများကိုလည်း ပြန်လည်တူးဖော် ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 06 • 10:13 AM
Myanmar
Bago
Share
| 18 | 0 | 0 | 0 |


