back

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာအားကစားသမား ၂ ဦး ကိုရီးယားနိုင်ငံ၌ လေ့ကျင့်လျက်ရှိ

Jul 06 • 10:31 AM

breaking-news

South Korea

Local News

cover

ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာအားကစားသမား ၂ ဦး ကိုရီးယားနိုင်ငံ၌ လေ့ကျင့်လျက်ရှိ

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်ကြသည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိ...

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒို အားကစားသမားများဖြစ်ကြသည့် မောင်သိန်းထိုက်အောင်နှင့် မောင်ရွှေထွဋ်ကျော်တို့သည် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုရီးယားနိုင်ငံ၌ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိသည်။ အဆိုပါလေ့ကျင့်မှုကို မြန်မာနိုင်ငံတိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်၏ ညှိနှိုင်းပေးမှုဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် (World Taekwondo) က ကိုရီးယားနိုင်ငံ၊ မူဂျူ (Muju) မြို့တွင် ဖွင့်လှစ်ထားသည့် ကမ္ဘာ့မသန်စွမ်းတိုက်ကွမ်ဒို လေ့ကျင့်ရေးအစီအစဉ်၌ ပါဝင်သင်ကြားနေခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် လေ့ကျင့်မှုများအပြီးတွင် ကိုရီးယားနိုင်ငံ၊ ချွန်ချွန် (Chuncheon) မြို့၌ ကျင်းပမည့် မသန်စွမ်းတိုက်ကွမ်ဒိုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19