back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လျှပ်စစ်မီးပျက်ချိန်များလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အခက်ကြုံနေရ

Jul 06 • 4:37 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လျှပ်စစ်မီးပျက်ချိန်များလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အခက်ကြုံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လျှပ်စစ်မီးပျက်ချိန် ပိုမိုများပြားလာပြီး မီးလာမည့်အချိန်နှင့် ပျက်မည့်အချိန်ကို တိတိကျကျ ကြိုတင်မသိရှိနိုင်ခြင်းကြေ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လျှပ်စစ်မီးပျက်ချိန် ပိုမိုများပြားလာပြီး မီးလာမည့်အချိန်နှင့် ပျက်မည့်အချိန်ကို တိတိကျကျ ကြိုတင်မသိရှိနိုင်ခြင်းကြောင့် နေ့စဉ်အိမ်သုံးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ဒေသခံများထံမှ သိရသည်။ လျှပ်စစ်မီးမမှန်သည့်အတွက် လုပ်ငန်းများ ဆက်လက်လည်ပတ်ရန် မီးစက်များကို အားကိုးနေရသော်လည်း လက်ရှိတွင် ဓာတ်ဆီဝယ်ယူရ ခက်ခဲနေပြီး ဈေးကွက်အတွင်း၌ ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၇,၀၀၀ မှ ၁၀,၀၀၀ အထိ ပေးဝယ်နေရသဖြင့် မိတ္တူဆိုင်များ၊ အလုပ်ရုံများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ အရှုံးပြ ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် ရင်ဆိုင်နေရသည်။ စွမ်းအင်အစားထိုးအဖြစ် အသုံးပြုနိုင်သည့် ဆိုလာစနစ်မှာလည်း ကုန်ကျစရိတ်ကြီးမားသဖြင့် လုပ်ငန်းကြီးအချို့သာ တပ်ဆင်နိုင်ပြီး အခြေခံပြည်သူများနှင့် အိမ်ထောင်စုများမှာမူ မီးပေးဝေမှုပုံစံ မမှန်ကန်ခြင်းကြောင့် ထမင်းဟင်းချက်ပြုတ်ပြင်ဆင်ရေးအပါအဝင် နေ့စဉ်လူမှုဘဝလုပ်ငန်းဆောင်တာများကို စီမံဆောင်ရွက်ရန် ခက်ခဲလျက်ရှိသည်။ လျှပ်စစ်ဌာနဘက်က ပြည်နယ်အတွင်း လျှပ်စစ်မီးပေးဝေမှု တိုးတက်အောင် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် မီးပေးဝေမှုအချိန် တိတိကျကျ မရှိသေးသဖြင့် ဒေသခံများ နေ့စဉ်နှင့်အမျှ အဆင်မပြေမှုများနှင့် ဆက်လက်ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

10