back

ဂျပန်‌တော်ဝင်မင်းသမီးများ၏ အနာဂတ်ဘဝကို ပြောင်းလဲစေနိုင်မည့် တော်ဝင်အိမ်တော်ဥပဒေ ပြင်ဆင်ရေးမူကြမ်းများအပေါ် စိုးရိမ်မှုများရှိနေ

Jul 06 • 3:56 AM

breaking-news

Japan

Local News

cover

ဂျပန်‌တော်ဝင်မင်းသမီးများ၏ အနာဂတ်ဘဝကို ပြောင်းလဲစေနိုင်မည့် တော်ဝင်အိမ်တော်ဥပဒေ ပြင်ဆင်ရေးမူကြမ်းများအပေါ် စိုးရိမ်မှုများရှိနေ

ဂျပန်အစိုးရက တော်ဝင်မိသားစုဝင် ဦးရေလျော့နည်းလာမှုကို ဖြေရှင်းရန် တော်ဝင်အိမ်တော်ဥပဒေ (Imperial House Law) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် တင်သွင်းထားရာ အဆိုပါ...

ဂျပန်အစိုးရက တော်ဝင်မိသားစုဝင် ဦးရေလျော့နည်းလာမှုကို ဖြေရှင်းရန် တော်ဝင်အိမ်တော်ဥပဒေ (Imperial House Law) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် တင်သွင်းထားရာ အဆိုပါဥပဒေပြင်ဆင်ချက်များသည် ဂျပန်မင်းသမီးများ၏ အနာဂတ်ဘဝအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါဥပဒေမူကြမ်းအရ လက်ထပ်ပြီးနောက် တော်ဝင်မင်းသမီးများအနေဖြင့် အရပ်သားအဖြစ်သို့ ပြောင်းလဲခြင်းမပြုဘဲ တော်ဝင်မိသားစုအဆင့်အတန်းဖြင့် ဆက်လက်ရှိနေကာ တရားဝင်တာဝန်များကို ဆက်လက်ထမ်းဆောင်ခွင့် ရွေးချယ်ခွင့်ပြုမည်ဖြစ်သော်လည်း၊ အခြားတစ်ဖက်တွင်မူ အနာဂတ်တော်ဝင်မင်းသမီးများအနေဖြင့် ယခင်မင်းသမီးများကဲ့သို့ သာမန်အရပ်သားဘဝသို့ ကူးပြောင်းကာ လွတ်လပ်စွာနေထိုင်ခွင့် ရွေးချယ်ခွင့် လုံးဝမရှိတော့ဘဲ တော်ဝင်တာဝန်များကို မဖြစ်မနေ ထမ်းဆောင်သွားရမည့် အခြေအနေ ဖြစ်လာနိုင်သဖြင့် အဆိုပါကန့်သတ်ချက်များအပေါ် စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

news-view-count-icon

12