back

မန္တလေးတိုင်း၊ပုဂံမဟာဗောဓိဘုရား၌ ၁၃ ရာစုလက်ရာ နံရံပန်းချီဆေးသားလွှာ အထောက်အထားသစ်များ ထပ်မံဖော်ထုတ်တွေ့ရှိ

Jul 06 • 3:55 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊ပုဂံမဟာဗောဓိဘုရား၌ ၁၃ ရာစုလက်ရာ နံရံပန်းချီဆေးသားလွှာ အထောက်အထားသစ်များ ထပ်မံဖော်ထုတ်တွေ့ရှိ

မန္တလေးတိုင်းရှိပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိဘုရား (အဆောက်အအုံအမှတ်-၁၆၇၀) အပေါ်ထပ် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ထုံးသားလွှာအောက်တွင် ၁၃ ရာစုခေတ် နံရံပ...

မန္တလေးတိုင်းရှိပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိဘုရား (အဆောက်အအုံအမှတ်-၁၆၇၀) အပေါ်ထပ် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ထုံးသားလွှာအောက်တွင် ၁၃ ရာစုခေတ် နံရံပန်းချီဆေးသားလွှာ အထောက်အထားသစ်များကို အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) မှ ကျွမ်းကျင်ပညာရှင်များက ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သည်။ ASI အဖွဲ့သည် နမူနာအကွက်ငယ် ၁၃ ကွက်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ အရှေ့ဘက်နံရံတွင် ထင်ရှားသော နံရံပန်းချီ ၁ ကွက်၊ တောင်ဘက်နှင့် မြောက်ဘက်နံရံများတွင် ဆေးသားမှိန်နေသည့် နံရံပန်းချီ ၁ ကွက်စီဖြင့် စုစုပေါင်း ၃ ကွက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတွေ့ရှိမှုကြောင့် မဟာဗောဓိဘုရားတွင် နံရံပန်းချီများ တည်ရှိကြောင်း ခိုင်မာစွာ အတည်ပြုနိုင်ခဲ့ပြီး ပုဂံဒေသ၌ နံရံပန်းချီပါဝင်သော ရှေးဟောင်းဘုရားတစ်ဆူ ထပ်မံတိုးပွားလာခဲ့ကာ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းဘုရားကို နိုင်ငံဖြတ်ကျော် ပူးတွဲအဆိုပြု ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၃,၈၃၇ ဆူရှိသည့်အနက် နံရံဆေးရေးပန်းချီရှိသည့် အဆောက်အအုံ ၄၁၆ ဆူ ရှိလာခဲ့ပြီး အိန္ဒိယနိုင်ငံ (ASI) အဖွဲ့သည် မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ ရှေးဟောင်းပန်းချီလက်ရာများ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

11