ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်သမ္မတ ဖြစ်သူ တိုလမ် (To Lam) နှင့် ဝန်ကြီးချုပ် လီမင်းဟန် (Le Minh Hung) တို့သည် အမေရိကန်ပြည်ထောင်စု၏ နှစ် (၂၅၀) ပြည့် လွတ်လပ်ရေးနေ့ (၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက် - ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်) အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်။ သဝဏ်လွှာအတွင်း ဗီယက်နမ်အဆင့်မြင့်ခေါင်းဆောင်များက နှစ်နိုင်ငံအကြား တိုးတက်လျက်ရှိသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအပေါ် ဝမ်းမြောက်မိကြောင်းနှင့် နောင်တွင်လည်း ဗီယက်နမ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေး ပိုမိုခိုင်မာတိုးတက်လာစေရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့ကြသည်။
ဗီယက်နမ်ခေါင်းဆောင်များ အမေရိကန်နိုင်ငံ၏ (၂၅၀) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
Jul 06 • 3:48 AM
Vietnam
Local News
Share
| 9 | 0 | 0 | 0 |


