စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ ရူပါရုံသုဓမ္မစာရီဗိမာန်ကျောင်း၌ ဗုဒ္ဓဘာသာနှင့် ဓမ္မဆိုင်ရာမေးခွန်းပေါင်း ၁,၀၀၀ အထိ ဝင်ရောက်ဖြေဆိုရမည့် နိုင်ငံတော်အဆင့် “သုတစုံလင်ဗုဒ္ဓဝင်” စာမေးပွဲအတွက် ပြင်ဆင်မှုသင်တန်း၏ ပထမဦးဆုံးရက်ကို ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို မုံရွာဗိမာန်ကျောင်းဆရာတော်၏ ဦးဆောင်မှု၊ တာဝန်ရှိသူများနှင့် ဒေသခံများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ မျိုးဆက်သစ်ရင်သွေးငယ်များ၏ ရင်တွင်း၌ ဗုဒ္ဓအဆုံးအမနှင့် သူတော်ကောင်းတရားများ ကိန်းအောင်းစေရန်၊ ဓမ္မသတ္တိများရရှိစေရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ထူးချွန်သည့် နိုင်ငံ့အဆင့်အောင်မြင်သူများ ထွက်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် ဒီပလိုမာတန်းများအတွက် ကျောင်းသား၊ ကျောင်းသူနှင့် သင်တန်းသား စုစုပေါင်း ၂၀၀ ခန့် တက်ရောက်လေ့လာလျက်ရှိရာ ၎င်းတို့အနက်မှ အရည်အချင်းအတော်ဆုံးသူများကို ရွေးထုတ်၍ ဆက်လက်မြှင့်တင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့၌ ဗုဒ္ဓဘာသာနှင့် ဓမ္မဆိုင်ရာမေးခွန်း တစ်ထောင်ဖြေဆိုရမည့် “သုတစုံလင်ဗုဒ္ဓဝင်” သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်
Jul 06 • 3:49 AM
Myanmar
Sagaing
Share
| 22 | 0 | 0 | 0 |


