back

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပိန်းတောကြီးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၅ ဆောင် ပြိုကျပျက်စီး

Jul 06 • 2:50 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပိန်းတောကြီးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၅ ဆောင် ပြိုကျပျက်စီး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ ညနေ ၆ နာရီခန့်က ပြင်းထန်သော လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၄၅ ဆော...

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ ညနေ ၆ နာရီခန့်က ပြင်းထန်သော လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၄၅ ဆောင်ခန့် လုံးဝပြိုကျပျက်စီးသွားခဲ့ကြောင်း ဒေသခံများနှင့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ပိန်းတောကြီးကျေးရွာရှိ စုစုပေါင်း အိမ်ခြေ ၂၀၀ အနက် ၄၅ ဆောင်မှာ လုံးဝပျက်စီးသွားခဲ့ပြီး ကျန်ရှိသည့် နေအိမ်များလည်း အနည်းငယ်စီ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ခြင်းကြောင့် လက်ရှိတွင် ကျေးရွာသားများမှာ နေထိုင်ရေးအတွက် အရေးပေါ် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး စစ်တွေမြို့၏အနောက်-အနောက်မြောက်ဘက် ရေမိုင် ၃၇၅ မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

news-view-count-icon

10