ရီးယဲလ်မက်ဒရစ်အသင်းသည် အင်တာမီလန်အသင်းမှ ဒတ်ချ်လက်ရွေးစင် နောက်ခံလူ ဒမ်ဖရိုင်းစ်ကို ခေါ်ယူကာ လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပြောင်းရွှေ့ကြေး ပမာဏကို ကလပ်အသင်းနှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ခြင်းမရှိသော်လည်း အသက် ၃၀ အရွယ်ရှိ ဒမ်ဖရိုင်းစ်၏ စာချုပ်ပါလျော်ကြေးအတိုင်း ယူရိုသန်း ၂၀ ပေးချေကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့အတွင်း ခံစစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် ပြင်ဆင်မည်ဟု ကတိပြုထားသည့် ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်၏ အစီအစဉ်အရ ကူကူရယ်လာ၊ ဘာနာဒိုဆေးလ်ဗားနှင့် ကိုနာတေတို့ကို ခေါ်ယူခဲ့ပြီးနောက် ဒမ်ဖရိုင်းစ်မှာ ၎င်းတို့၏ စတုတ္ထမြောက် ခေါ်ယူမှု ဖြစ်လာခဲ့သည်။ ဒမ်ဖရိုင်းစ်သည် ၂၀၂၁ ခုနှစ်တွင် PSV အသင်းမှ အင်တာမီလန်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းအတွက် ၂၀၇ ပွဲကစား၊ ၂၇ ဂိုးသွင်း၊ ၂၈ ဂိုးဖန်တီးပေးခဲ့ကာ စီးရီးအေချန်ပီယံဆု ၂ ကြိမ်နှင့် ကိုပါအီတာလီယာဖလား ၃ ကြိမ် ရရှိအောင် ကူညီပေးခဲ့သူဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းက အင်တာမီလန်အသင်း၏ ဒတ်ချ်နောက်ခံလူ ဒမ်ဖရိုင်းစ်ကို ၄ နှစ်စာချုပ်ဖြင့် စတုတ္ထမြောက်ကစားသမားအဖြစ် ခေါ်ယူ
Jul 06 • 2:44 AM
Myanmar
International
Share
| 20 | 0 | 0 | 0 |


