back

ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဘရာဇီးလ်အသင်း ထွက်ခွာခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း နေမာ ကြေညာ

Jul 06 • 2:43 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဘရာဇီးလ်အသင်း ထွက်ခွာခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း နေမာ ကြေညာ

ဘရာဇီးလ်အသင်း၏ ဂိုးအများဆုံးစံချိန်ရှင် တိုက်စစ်မှူး နေမာသည် ယခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် ဘရာဇီးလ်အသင်း ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ...

ဘရာဇီးလ်အသင်း၏ ဂိုးအများဆုံးစံချိန်ရှင် တိုက်စစ်မှူး နေမာသည် ယခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် ဘရာဇီးလ်အသင်း ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အပြီးတိုင်အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ရှုံးပွဲအပြီးတွင် နေမာသည် ကွင်းအတွင်း မျက်ရည်ကျကာ ပြင်းပြင်းထန်ထန် ငိုကြွေးခဲ့သဖြင့် အသင်းဖော်များက လိုက်လံနှစ်သိမ့်ခဲ့ရသည်။၎င်းသည် ယခုပွဲစဉ် ၆၇ မိနစ်တွင် လူစားဝင်ကစားခဲ့ပြီး အချိန်ပို၌ အသင်းအတွက် နှစ်သိမ့်ဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ ယင်းဂိုးသည် နေမာအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းနှင့်အတူ သွင်းဂိုး ၈၀ ပြည့်မြောက်ခဲ့သည့် သမိုင်းဝင်ဂိုးလည်း ဖြစ်လာခဲ့သည်။နေမာက ကစားသမားဘဝ အဆုံးသတ်မှုနှင့်ပတ်သက်၍ “ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ဒီ MetLife အားကစားကွင်းမှာပဲ အပြည်ပြည်ဆိုင်ရာ ကစားသမားဘဝကို စတင်ခဲ့ပြီး ဒီနေရာမှာပဲ ပြန်လည်အဆုံးသတ်ခဲ့ပါတယ်။ အခုတော့ အားလုံးပြီးဆုံးသွားပါပြီ”ဟုရင်ဖွင့်ပြောကြားခဲ့သည်။နေမာသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ယခု MetLife အားကစားကွင်း၌ပင် အမေရိကန်အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲဦးထွက်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံအသင်းအတွက် စုစုပေါင်း ပွဲပေါင်း ၁၃၀ အထိ ပါဝင်ကစားပေးခဲ့ပြီး ဘရာဇီးလ်အသင်းသမိုင်းတွင် ပွဲအများဆုံးကစားသမားအဖြစ် ကာဖူး (၁၄၂ ပွဲ) ပြီးနောက် ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ကာ ကစားသမားဘဝကို လက်ခုပ်သံများနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

news-view-count-icon

21