back

ရန်ကုန်တိုင်း၊ ဥက္ကံမြို့တွင် နှစ်ရက်ဆက်တိုက် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ

Jul 06 • 2:42 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊ ဥက္ကံမြို့တွင် နှစ်ရက်ဆက်တိုက် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၊ ဝက်ကုန်းကျေးရွာ၌ ဇူလိုင်လ ၅ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်ခန့်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၃၀ ခန့် ပ...

ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၊ ဝက်ကုန်းကျေးရွာ၌ ဇူလိုင်လ ၅ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်ခန့်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၃၀ ခန့် ပြိုကျပျက်စီးခဲ့ရကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ မိုးသက်လေပြင်းများ ပြင်းထန်စွာ ကျရောက်ခဲ့ပြီးနောက် လေဆင်နှာမောင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ လူထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ မသိရသေးဘဲ လူမှုကူညီရေးအသင်းများက ညတွင်းချင်းပင် သွားရောက်ကူညီပေးလျက်ရှိသည်။ထို့ပြင် ဥက္ကံမြို့တွင် ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂ လုံး ပျက်စီးခဲ့ဖူးပြီး ယခုအခါ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် ရေဘေးအန္တရာယ်များ ဆက်တိုက်ကြုံတွေ့နေရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် လိုအပ်လျက်ရှိသည်။

news-view-count-icon

19