back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Ratchadamri ရှိ တရားမဝင် လိုင်စင်မဲ့ဘား ၂ ခုအား ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းကာ တရားမဝင် နိုင်ငံခြားသားဝန်ထမ်းများ ဖမ်းဆီးရမိ

Jul 06 • 1:46 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Ratchadamri ရှိ တရားမဝင် လိုင်စင်မဲ့ဘား ၂ ခုအား ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းကာ တရားမဝင် နိုင်ငံခြားသားဝန်ထမ်းများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Ratchadamri လမ်းရှိ လိုင်စင်မရှိဘဲ တရားမဝင် ဖွင့်လှစ်ထားသည့် ဘားဆိုင်နှစ်ဆိုင်ကို ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်နှင့် သက်ဆိုင်ရာပူးပေါ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Ratchadamri လမ်းရှိ လိုင်စင်မရှိဘဲ တရားမဝင် ဖွင့်လှစ်ထားသည့် ဘားဆိုင်နှစ်ဆိုင်ကို ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ရှောင်တခင် ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ကြောင်း ခါအိုဆော့ (Khaosod) သတင်းအရ သိရသည်။ ဝင်ရောက်စစ်ဆေးချိန်တွင် ဆိုင်အတွင်း၌ မူးယစ်သောက်စားနေသည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၀၀ ကျော်ကို တွေ့ရှိခဲ့ရပြီး ဆီးစစ်ဆေးချက်အရ ၎င်းတို့အနက် ခရီးသွားတစ်ဦးတွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါဘားဆိုင်နှစ်ဆိုင်လုံးမှာ ထိုင်းနိုင်ငံသားများက စီမံခန့်ခွဲ၍ မကြာသေးမီကမှ တရားမဝင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းအချို့မှာလည်း လုပ်ငန်းခွင်ပြောင်းလဲမှု သတင်းပို့ထားခြင်းမရှိခြင်းနှင့် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော အလုပ်အကိုင်များကို လုပ်ကိုင်နေခြင်းစသည့် ရွှေ့ပြောင်းလုပ်သားဥပဒေ ချိုးဖောက်မှုများ တွေ့ရှိခဲ့ရသည်။ ယင်းစီးနင်းမှုကြောင့် ဥပဒေချိုးဖောက်သည့် ဝန်ထမ်း ၁၅ ဦးနှင့် မူးယစ်ဆေးသုံးစွဲထားသော ကမ္ဘာလှည့်ခရီးသွားတစ်ဦးတို့ကို ဖမ်းဆီးအရေးယူထားပြီး ဆိုင်နောက်ကွယ်မှ အဓိကကြိုးကိုင်သူများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

10