back

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်

Jul 06 • 2:45 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ 101A x 67A လမ်းတွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ 101A x 67A လမ်းတွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များ ချက်ချင်းထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးဒုက္ခများ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ အပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတို့၏ ကွပ်ကဲမှုဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

news-view-count-icon

8