back

ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ဦး ဝန်းကျင် ဖမ်းဆီးခံရ

Jul 06 • 1:43 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ဦး ဝန်းကျင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် အထောက်အထား မပြည့်စုံမှုများကြောင့် မြန်မာရွှေ့ပ...

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် အထောက်အထား မပြည့်စုံမှုများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ဦး ဝန်းကျင်အထိ ဖမ်းဆီးခံခဲ့ရကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ဒေသခံများထံမှ သိရသည်။ ထိုင်းအာဏာပိုင်များသည် ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ နိုင်ငံခြားသားပိုင်ဆိုင်သည့် လုပ်ငန်းများကို အဓိကထား၍ ဖမ်းဆီးရေးစီမံချက်များဖြင့် ပိုက်စိပ်တိုက် စစ်ဆေးနေခြင်းဖြစ်ပြီး ဇူလိုင် ၄ ရက်တွင် ကန်ချနဘူရီခရိုင်၌ အထောက်အထားမဲ့ မြန်မာ ၁၅ ဦး၊ ဇူလိုင် ၃ ရက်တွင် အယုဒ္ဓယခရိုင်၌ ၃၂ ဦး၊ ဇူလိုင် ၂ ရက်တွင် အယုဒ္ဓယရိုဂျနာစက်မှုဇုန်၌ ၂၃ ဦးနှင့် မဲဆောက်မြို့တွင် အလုပ်ပါမစ်အတု ကိုင်ဆောင်ထားသူ ၁၅ ဦးတို့ကို ဆက်တိုက် ဖမ်းဆီးခဲ့သည့်အပြင် ဇွန်လကုန်ပိုင်းကလည်း ကန်ချနဘူရီ၊ ဖတ်သလုန်းနှင့် ဆူရတ်ဌာနီခရိုင်တို့၌ မြန်မာလုပ်သား အများအပြား အဖမ်းခံခဲ့ရသည်။ ရွှေ့ပြောင်းအလုပ်သမား သတင်းအချက်အလက်စင်တာ (MIC) ၏ ထုတ်ပြန်ချက်အရ ဇွန်လတစ်လည်းထဲတွင်ပင် မြန်မာလုပ်သား ၂၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပြီး အလုပ်ပါမစ် (Work Permit) ရှိသော်လည်း စာရွက်စာတမ်းပါ အလုပ်ရှင်နှင့် လက်တွေ့လုပ်ကိုင်နေသည့် အလုပ်ရှင် မတူညီခြင်းကြောင့် ဖမ်းဆီးခံရမှု အများဆုံးဖြစ်ကြောင်း သိရသည်။

news-view-count-icon

14