back

အတန်းကျော်ပြီး Grade 12 တိုက်ရိုက်တင်ပြသင်ကြားနေသည့် ကိုယ်ပိုင်ကျောင်းများကို ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးအရေးယူမည်ဖြစ်

Jul 06 • 1:42 AM

breaking-news

Myanmar

Local

cover

အတန်းကျော်ပြီး Grade 12 တိုက်ရိုက်တင်ပြသင်ကြားနေသည့် ကိုယ်ပိုင်ကျောင်းများကို ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးအရေးယူမည်ဖြစ်

မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူအချို့သည် Grade 10 အောင်မြင်ပြီးနောက် Grade 11 ကို ဆက်လက်တက်...

မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူအချို့သည် Grade 10 အောင်မြင်ပြီးနောက် Grade 11 ကို ဆက်လက်တက်ရောက်ခြင်းမရှိဘဲ အတန်းကျော်ကာ Grade 12 သင်ခန်းစာများကို တိုက်ရိုက်တက်ရောက်သင်ကြားနေမှုများနှင့် ပတ်သက်၍ အထက်အဆင့်ဆင့်က စုံစမ်းအရေးယူမှုများ လုပ်ဆောင်နေကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းဖြေကြားချက်အရ အခြေခံပညာစနစ်တွင် Grade 11 ကို ကျော်လွန်၍ Grade 12 သင်ခန်းစာများကို တိုက်ရိုက်သင်ကြားခွင့် လုံးဝမရှိကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာနတို့က ကျောင်းသားစာရင်း၊ စာမေးပွဲဖြေဆိုမှုနှင့် အောင်မြင်မှုရလဒ်များကို စနစ်တကျ စိစစ်ကာ အစီရင်ခံရခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ စည်းကမ်းကျော်လွန်နေသည့် ကိစ္စရပ်များကို လိုက်လံစစ်ဆေးနေခြင်း ဖြစ်သည်။ လက်ရှိတွင် ဗဟို၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့်ရှိ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့များ၊ ပညာရေးဝန်ကြီးဌာနနှင့် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ အဆိုပါကိုယ်ပိုင်ကျောင်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းနှင့် ကျပန်းကောက်ယူစစ်ဆေးခြင်းများကို ဆက်တိုက်လုပ်ဆောင်ကာ အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

news-view-count-icon

30