back

တရုတ်နိုင်ငံက ၂၀၂၆-၂၀၃၀ခုနှစ် အတွင်း "လှပသောတရုတ်နိုင်ငံ" တည်ဆောက်မည့် အစီအစဉ်တစ်ရပ်ကို နိုင်ငံတော်ကောင်စီ ထုတ်ပြန်

Jul 06 • 1:40 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက ၂၀၂၆-၂၀၃၀ခုနှစ် အတွင်း "လှပသောတရုတ်နိုင်ငံ" တည်ဆောက်မည့် အစီအစဉ်တစ်ရပ်ကို နိုင်ငံတော်ကောင်စီ ထုတ်ပြန်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလဖြစ်သော ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း "လှပသောတရုတ်နိုင်ငံ" (Beautiful China) တည်ဆောက်သ...

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလဖြစ်သော ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း "လှပသောတရုတ်နိုင်ငံ" (Beautiful China) တည်ဆောက်သွားမည့် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး ယင်းအစီအစဉ်တွင် ဘက်စုံမြှင့်တင်ဆောင်ရွက်မည့် ယေဘုယျသတ်မှတ်ချက်များ၊ ရည်မှန်းချက်များ၊ အဓိကလုပ်ငန်းတာဝန်များနှင့် စီမံကိန်းကြီးများကို ထည့်သွင်းရေးဆွဲထားကြောင်း ဆင်ဟွာသတင်းအရ သိရသည်။တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်နောက်ဆုံးထား၍ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးကို အလုံးစုံတိုးတက်ကောင်းမွန်လာစေရန် ရည်မှန်းထားသည်။ ထို့ပြင် အစိမ်းရောင်ထုတ်လုပ်မှုနှင့် လူနေမှုပုံစံများကို အများစုထူထောင်ပြီး ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးအဆင့်မှ ပြန်လည်လျှော့ချရေး (Carbon Peaking) ရည်မှန်းချက်အား သတ်မှတ်ချိန်အတွင်း အောင်မြင်စွာရောက်ရှိရန်နှင့် "လှပသော တရုတ်နိုင်ငံ" တည်ဆောက်ရေးကို သိသိသာသာ တိုးတက်လာစေရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်သည်။အဆိုပါ စီမံကိန်းအတွင်း အဓိကလုပ်ငန်းတာဝန် ၇ ရပ်ကို ရေးဆွဲဖော်ပြထားပြီး ၎င်းတို့မှာ အပြာရောင်ကောင်းကင်ပြင်အဖြစ် ထိန်းသိမ်းရေး၊ ရေထုသန့်စင်ရေး၊ မြေထုသန့်ရှင်းရေး၊ ဂေဟစနစ်တိုးတက်ကောင်းမွန်အောင် မြှင့်တင်ရေး၊ ရာသီဥတုပြောင်းလဲမှုကို တက်ကြွစွာဖြေရှင်းရေးနှင့် အစိမ်းရောင်ထုတ်လုပ်မှုနှင့် လူနေမှုပုံစံများ ကျင့်သုံးခြင်းကို အရှိန်မြှင့်တင်ရေးတို့ ပါဝင်သည်။ ထို့ပြင် လေထုညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေး၊ ရေထုနှင့် ပင်လယ်ရေကြောင်း ဂေဟစနစ် ကာကွယ်ထိန်းသိမ်းရေး၊ မြေဆီလွှာညစ်ညမ်းမှု ထိန်းချုပ်သန့်စင်ရေး၊ စက်မှုလုပ်ငန်းသုံး စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးနှင့် ညစ်ညမ်းစေသောအရာအသစ်များကို ညှိနှိုင်းသန့်စင်ရေးစသည့် နယ်ပယ်များတွင် စီမံကိန်းကြီးများကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အဆိုပြုထားကြောင်း သိရသည်။

news-view-count-icon

8