back

တရုတ်နှင့် ရုရှားနိုင်ငံတို့ “Joint Sea-2026” ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲကင်းလှည့်မှုများ ပြုလုပ်မည်ဖြစ်

Jul 06 • 1:39 AM

breaking-news

China

Local News

cover

တရုတ်နှင့် ရုရှားနိုင်ငံတို့ “Joint Sea-2026” ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲကင်းလှည့်မှုများ ပြုလုပ်မည်ဖြစ်

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေတပ်များသည် “Joint Sea-2026” ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်ဆိပ်ကမ်း...

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေတပ်များသည် “Joint Sea-2026” ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်ဆိပ်ကမ်းမြို့အနီး ရေပြင်နှင့် ဝေဟင်တို့တွင် ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ စစ်ရေးလေ့ကျင့်မှုအပြီးတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲပင်လယ်ရေကြောင်း ကင်းလှည့်မှုများကိုပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွက် ရုရှားဘက်က ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘောကြီး၊ ဖရီးဂိတ်စစ်သင်္ဘော၊ ရေငုပ်သင်္ဘောနှင့် ကယ်ဆယ်ရေးရေယာဉ်များ စေလွှတ်ကာ ဇူလိုင် ၅ ရက်တွင် ချင်းသောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာခဲ့ပြီးဖြစ်သလို၊ တရုတ်ဘက်ကလည်း မြောက်ပိုင်းစစ်ဒေသကြီး ရေတပ်ဌာနချုပ်မှ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများ၊ ဖရီးဂိတ်သင်္ဘော၊ ရေငုပ်သင်္ဘောနှင့် သင်္ဘောတင် ရဟတ်ယာဉ်များ၊ မရိန်းတပ်ဖွဲ့များဖြင့် အပြည့်အစုံ စုရုံးပြင်ဆင်ထားပြီးဖြစ်သည်။ ယခုလေ့ကျင့်မှုကို တပ်စုရုံးခြင်း၊ ဆိပ်ကမ်း၌ စီမံချက်ရေးဆွဲခြင်းနှင့် ပင်လယ်ပြင်၌ စစ်ဆင်ရေးလုပ်ဆောင်ခြင်းဟူသော အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်မည်ဖြစ်ကာ ပူးတွဲကင်းထောက်ခြင်း၊ လေကြောင်းနှင့် ဒုံးလက်နက်အန္တရာယ် ကာကွယ်ခြင်း၊ ပင်လယ်ပြင်တိုက်ခိုက်ခြင်းနှင့် ပညာရှင်အဆင့် ကူးလူးဖလှယ်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ယင်းမှာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ပူးတွဲတုံ့ပြန်ရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းရန် နှစ်စဉ်ပြုလုပ်မြဲ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သိရသည်။

news-view-count-icon

9