back

မြန်မာနိုင်ငံမှ ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၂,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၄ သန်း ရရှိခဲ့

Jul 06 • 1:38 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံမှ ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၂,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၄ သန်း ရရှိခဲ့

မြန်မာနိုင်ငံမှ ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း ၂၂၃,၇၁၄ တန် (၂၂ သောင်းကျော်) တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ...

မြန်မာနိုင်ငံမှ ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း ၂၂၃,၇၁၄ တန် (၂၂ သောင်းကျော်) တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၄ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇွန်လ၏ ပြည်ပဆန်တင်ပို့မှုသည် ဧပြီနှင့် မေလတို့ထက် ပိုမိုများပြားလာခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နိုင်ခြင်းမရှိဘဲ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတစ်ခုတည်းမှသာ လုံးဝတင်ပို့ခဲ့ခြင်း ဖြစ်သည်။ ဆန်နှင့်ဆန်ကွဲ တင်ပို့သည့် ကုမ္ပဏီပေါင်း ၄၇ ခုမှ ဆန်တန်ချိန် ၁၄၅,၈၉၄ တန်ကို ဖိလစ်ပိုင်၊ ပိုလန်၊ ကင်မရွန်းနှင့် စပိန်အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံသို့လည်းကောင်း၊ ဆန်ကွဲတန်ချိန် ၇၇,၈၂၀ တန်ကို တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်၊ အီတလီနှင့် UK အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြသည်။ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရာတွင် ဧည့်မထနှင့် ငစိန်အုပ်စုဝင်များဖြစ်ကြသည့် ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်နှင့် ရာကျော်စသည့် ဆန်ကြမ်းအမျိုးအစားများကို အဓိကထား တင်ပို့ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

21