စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်စဉ် မန္တလေးမြို့၊ လမ်း ၆၀ (၂၃ လမ်းနှင့် ၂၄ လမ်းကြား) ရှိ ၁၁ ထပ်စီပါ Sky Villa ကွန်ဒိုအဆောက်အအုံ သုံးလုံးပြိုကျပြီး လူ ၂၀၇ ဦး သေဆုံးကာ ၅၂ ဦး ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံးက ဇွန်လ ၂၃ ရက်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်။ ၎င်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးကာ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) (မဆင်မခြင်မှု သို့မဟုတ် ပေါ့ဆမှုကြောင့် လူသေစေခဲ့ခြင်း) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်အတွက် ကုမ္ပဏီဘက်က သေဆုံးသူတစ်ဦးလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ထောက်ပံ့ကြေးပေးခဲ့သော်လည်း ကျန်ရစ်သူမိသားစုဝင်များက ကျေနပ်မှုမရှိခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျကာ လူ ၂၀၀ ကျော်သေဆုံးမှုအတွက် ကုမ္ပဏီပိုင်ရှင်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်
Jul 05 • 2:55 PM
Myanmar
Mandalay
Share
| 23 | 0 | 0 | 0 |


