back

မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်များ မွေးထုတ်နိုင်ရေးအတွက် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ဖွဲ့စည်း

Jul 05 • 12:03 PM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်များ မွေးထုတ်နိုင်ရေးအတွက် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ဖွဲ့စည်း

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဝူရှူးအားကစားသမားများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုမွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀...

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဝူရှူးအားကစားသမားများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုမွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲအခမ်းအနားကို ဇူလိုင် ၅ ရက် (ယနေ့) နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Myanmar Sport Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစွာ (ခ) Mr. Li Bobo က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌများက ရွေးချယ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်က အဖွဲ့ချုပ်၏ သမိုင်းကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

news-view-count-icon

16