back

တောင်သူများ ဓာတ်မြေဩဇာ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် သမဝါယမစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေ

Jul 05 • 12:02 PM

breaking-news

Myanmar

Local

cover

တောင်သူများ ဓာတ်မြေဩဇာ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် သမဝါယမစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေ

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်ပြီး ဝင်ငွေပိုမိုရရှိစေရန်အတွက် လိုအပ်သော ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယ...

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်ပြီး ဝင်ငွေပိုမိုရရှိစေရန်အတွက် လိုအပ်သော ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး သမဝါယမစနစ်ဖြင့် စုပေါင်းဝယ်ယူကာ စုပေါင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားသည်။ အဆိုပါ ပြောကြားချက်ကို ဇူလိုင် ၃ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးစိန်လွင်ဦး၏ မေးခွန်းအား ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19