back

မက္ကဆီကိုနှင့် ကစားမည့် ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ ပြိုင်ဘက်ပရိသတ်များ၏ ရန်လိုမှုကြောင့် အင်္ဂလန်အသင်းအတွက် အဓိကရုဏ်းနှိမ်နင်းရေးရဲ ၁၀၀ ကျော်ဖြင့် လုံခြုံရေး တင်းကျပ်ထားရ

Jul 05 • 9:17 AM

breaking-news

Myanmar

International

cover

မက္ကဆီကိုနှင့် ကစားမည့် ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ ပြိုင်ဘက်ပရိသတ်များ၏ ရန်လိုမှုကြောင့် အင်္ဂလန်အသင်းအတွက် အဓိကရုဏ်းနှိမ်နင်းရေးရဲ ၁၀၀ ကျော်ဖြင့် လုံခြုံရေး တင်းကျပ်ထားရ

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်တွင် မက္ကဆီကိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် အင်္ဂလန်အသင်းသည် သောကြာနေ့က တည်းခိုမည့်ဟိုတယ်သို့ ရောက်ရှိစဉ် မက္ကဆီကိုပရိသတ် ရာနှင့်ချီ၏ လ...

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်တွင် မက္ကဆီကိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် အင်္ဂလန်အသင်းသည် သောကြာနေ့က တည်းခိုမည့်ဟိုတယ်သို့ ရောက်ရှိစဉ် မက္ကဆီကိုပရိသတ် ရာနှင့်ချီ၏ လှောင်ပြောင်အော်ဟစ်ခြင်းနှင့် ရန်လိုသည့်အပြုအမူများဖြင့် ကြုံတွေ့ခဲ့ရသဖြင့် ၎င်းတို့၏လုံခြုံရေးအတွက် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်အပြင် အကာအကွယ်အတားအဆီးများ၊ ရဲခွေးများနှင့် ဒရုန်းများကိုပါ အသုံးပြု၍ လုံခြုံရေး တင်းကျပ်စွာ ချထားပေးရကြောင်း သိရသည်။ ထို့ပြင် မက္ကဆီကို-အင်္ဂလန် ပွဲစဉ်သည် မုန်တိုင်းအန္တရာယ်ရှိ၍ ပွဲအချိန် ရှေ့စောကစားရန် အစောပိုင်းက သတင်းထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် မူလသတ်မှတ်ထားသည့် အချိန်အတိုင်းသာ ဆက်လက်ကျင်းပသွားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

news-view-count-icon

20