back

ဥရောပတွင် ပြင်းထန်သော အပူလှိုင်းဒဏ်ကြောင့် တရုတ်နိုင်ငံမှ လေအေးပေးစက် စံချိန်တင် တင်သွင်းနေရ

Jul 05 • 9:16 AM

breaking-news

China

Local News

cover

ဥရောပတွင် ပြင်းထန်သော အပူလှိုင်းဒဏ်ကြောင့် တရုတ်နိုင်ငံမှ လေအေးပေးစက် စံချိန်တင် တင်သွင်းနေရ

ဥရောပအနောက်ပိုင်းတွင် ဆိုးရွားသော အပူလှိုင်းဒဏ်ကြောင့် အပူချိန်လွန်ကဲမှု စံချိန်သစ်များ ကြုံတွေ့နေရသဖြင့် တရုတ်နိုင်ငံမှ လေအေးပေးစက် (အဲကွန်း) များကို မကြုံစဖူး...

ဥရောပအနောက်ပိုင်းတွင် ဆိုးရွားသော အပူလှိုင်းဒဏ်ကြောင့် အပူချိန်လွန်ကဲမှု စံချိန်သစ်များ ကြုံတွေ့နေရသဖြင့် တရုတ်နိုင်ငံမှ လေအေးပေးစက် (အဲကွန်း) များကို မကြုံစဖူး အမြောက်အမြား မှာယူတင်သွင်းနေရကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။ ဥရောပသည် ယခုသီတင်းပတ်အစောပိုင်းအထိ တရုတ်နိုင်ငံထံမှ အဲကွန်းယူနစ်ပေါင်း ၂ သိန်းကျော် မှာယူထားပြီးဖြစ်ရာ ယင်းပမာဏမှာ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆပိုမိုများပြားလာခြင်း ဖြစ်သည်။ ဥရောပသမဂ္ဂ (EU) အနေဖြင့် တရုတ်နှင့် ကုန်သွယ်မှုတွင် သွင်းကုန်တန်ဖိုး ပိုမိုများပြားနေမှုကို လျှော့ချရန် ကြိုးပမ်းနေသော်လည်း၊ လက်ရှိ ရာသီဥတုအခြေအနေကြောင့် တရုတ်နိုင်ငံအပေါ် အားကိုးအားထားပြုရမှု ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

news-view-count-icon

10