မလေးရှားမိုးလေဝသဌာန (MetMalaysia) သည် နီဂရီဆေဘီလန် (Negeri Sembilan)၊ မာလက္ကာ (Melaka)၊ ဂျိုဟိုး (Johor) နှင့် ဆာရာဝက် (Sarawak) ပြည်နယ်ရှိ ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်မုန်တိုင်းကျရောက်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများ ကြိုတင်ပြင်ဆင်ထားကြရန် ယနေ့နံနက်ပိုင်းက အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။ မိုးလေဝသဌာနအနေဖြင့် တစ်နာရီလျှင် မိုးရေချိန် ၂၀ မီလီမီတာထက်ကျော်လွန်၍ တစ်နာရီထက်ပိုမိုကာ မိုးသည်းထန်စွာရွာသွန်းနိုင်သည့် အခြေအနေမျိုးတွင် ယခုကဲ့သို့ ရေတိုသတိပေးချက်များကို ထုတ်ပြန်လေ့ရှိခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အပြင်ထွက်သည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန်နှင့် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသော နေရာများကို သတိပြုကြရန် နှိုးဆော်ထားကြောင်း သိရသည်။


