မန္တလေးမြို့သို့ စစ်ကိုင်း၊ မကွေး၊ ရှမ်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အနယ်နယ်အရပ်ရပ်မှ နေရပ်စွန့်ခွာခဲ့ရသူများ သောင်းနှင့်ချီ၍ လာရောက် နေထိုင်ကြရာ ယခုလအတွင်း အိမ်ငှားရမ်းခဈေးနှုန်းများ မြင့်မားနေမှုကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် သိရသည်။ လက်ရှိတွင် မန္တလေးမြို့၌ အိမ်ငှားခဈေးနှုန်းများသည် ၂၀၂၄ ခုနှစ် နှောင်းပိုင်းကထက် ၃ ဆကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး ငွေကျပ် ၁၅၀,၀၀၀ မှ သိန်း ၂၀ ဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။ ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်နေထိုင်ကြသူများအနေဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် ရက်ရှည်နေထိုင်ရန် မလွယ်ကူသဖြင့် လူ ၃ ဦးမှ ၄ ဦးခန့် စုပေါင်း၍ အိမ်ငှားရမ်း နေထိုင်ကြရကြောင်း၊ လတ်တလောတွင် ဘုန်းတော်ကြီးကျောင်းများ၌ ကာလတို နေရပ်စွန့်ခွာသူများ အများဆုံး နေထိုင်ကြပြီး အိမ်ငှားရမ်း နေထိုင်သူများမှာ ကာလရှည် နေရပ်စွန့်ခွာသူများဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် အိမ်ငှားခဈေးနှုန်းများ မြင့်မားမှုကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်နေထိုင်ကြသူများ အခက်အခဲဖြစ်နေ
Jul 05 • 4:36 AM
Myanmar
Mandalay
Share
| 13 | 0 | 0 | 0 |


