back

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားကာ ကျေးရွာအချို့ ရေအောက်ရောက်ရှိ

Jul 05 • 3:16 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားကာ ကျေးရွာအချို့ ရေအောက်ရောက်ရှိ

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကောင်းဘန်း (Cao Bang)၊ လာအိုကိုင်း (Lao Cai) နှင့် တူယင...

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကောင်းဘန်း (Cao Bang)၊ လာအိုကိုင်း (Lao Cai) နှင့် တူယင်ကွမ် (Tuyen Quang) ပြည်နယ်များရှိ ကျေးရွာအများအပြား ရေကြီးရေလျှံမှုဒဏ်ကို ဆိုးရွားစွာခံစားနေရသဖြင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ကယ်ဆယ်ရေးအဖွဲ့များက ဒေသခံများကို အရေးပေါ်ရွှေ့ပြောင်းပေးနေရသည်။အဆိုးရွားဆုံးထိခိုက်ခဲ့သည့် ကောင်းဘန်းပြည်နယ်တွင် သောင်နွန် (Thong Nong)၊ ကန်ယန်း (Can Yen) နှင့် သန်လောင် (Thanh Long) ကွန်မြူနီတီများရှိ နေအိမ် ၈၃ လုံးထက်မနည်း ရေအနက် ၀.၃ မီတာမှ ၁ မီတာခန့်အထိ နစ်မြုပ်ခဲ့သည်။အထူးသဖြင့် ငေါ့ဆီ (Ngoc Sy) ကျေးရွာတွင် ရေကြီးမှုအခြေအနေ ပိုမိုပြင်းထန်ခဲ့ပြီး ရေစီးသန်သည့် ချောင်းဘေးတွင် နေထိုင်သော အသက် ၆၀ ကျော် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးနှင့် အခြားဒေသခံများ ပိတ်မိနေခဲ့ရာ ရဲတပ်ဖွဲ့က အချိန်မီ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသည်။ကောင်းဘန်းပြည်နယ်တစ်ခုတည်းမှာပင် ဇွန်လ ၂၈ ရက်မှစ၍ နေအိမ် ၂၀၀ ကျော် ပျက်စီးနစ်မြုပ်ခဲ့ပြီး၊ စိုက်ပျိုးရေးမြေ ဟက်တာ ၄၀၀ နီးပါး ရေလွှမ်းမိုးခဲ့ကာ ကနဦးစီးပွားရေးဆုံးရှုံးမှုတန်ဖိုး ဗီယက်နမ်ဒေါင် ၁၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၅၀,၀၀0 ခန့်) ရှိကြောင်း သိရသည်။ ထို့အတူ တူယင်ကွမ်ပြည်နယ်တွင်လည်း နေအိမ် ၆၃ လုံး ထိခိုက်ခဲ့ပြီး ၂၁ လုံးကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရကာ၊ လာအိုကိုင်းပြည်နယ်တွင်လည်း ချောင်းရေလျှံမှုကြောင့် အိမ်ခြေ ၃၄ လုံး ရေလျှံပြီး ၁၀ လုံးမှာ မြေပြိုမှုဒဏ်ကို ခံခဲ့ရသည်။ လက်ရှိတွင် ရေဘေးသင့်မိသားစုများကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းရှိ ဆွေမျိုးများအိမ်တွင် ယာယီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

9