ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ တစ်ဖက်ကမ်း ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်ရှိ မဟာဘောဂလမ်းတွင် ဇူလိုင်လ ၄ ရက်နေ့ ည ၁၀ နာရီ ၁ မိနစ်အချိန်ခန့်က မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်လဲကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျရာနေရာသို့ စက်စန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းသွားရောက်၍ လမ်းပိတ်ဆို့မှုမရှိစေရန်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို အချိန်ခင်းလျော်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ပြည်သူများအနေဖြင့်လည်း မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် (Hotline 191) သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လမ်းပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွား
Jul 05 • 3:17 AM
Myanmar
Yangon
Share
| 20 | 0 | 0 | 0 |


