ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်ကာလအတွင်း ဘုရားဖူးပြည်သူ စုစုပေါင်း ၃.၈၇ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ဘုရားဖူးလာရောက်သူများအနက် နိုင်ငံခြားသားခရီးသွားဧည့်သည် ၄၀,၀၀၀ ကျော် ပါဝင်ပြီး အများစုမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ကြောင်း သိရသည်။ ယခင်နှစ် ကာလတူက လာရောက်ဖူးမြော်သူ ၃.၅ သန်းကျော် ရှိခဲ့သဖြင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း လာရောက်သူအရေအတွက်မှာ သိသာစွာ မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့၏ အထင်ကရ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဘုရားဖူးပြည်သူ ၃.၈၇ သန်းကျော် လာရောက်ဖူးမြော်
Jul 05 • 2:48 AM
Myanmar
Yangon
Share
| 20 | 0 | 0 | 0 |


